Account Opening
Securities Trading Account ကို မည်သူမဆို ဖွင့်နိုင်ပါသလား
မြန်မာနိုင်ငံသားတိုင်း (Securities Companies ဝန်ထမ်းများမှအပ) Securities Trading Account ကိုဖွင့်နိုင်ပါသည်။ကုမ္ပဏီများအနေဖြင့်လည်း၎င်း၏ကုမ္ပဏီအမည်ဖြင့်စာရင်းဖွင့်လှစ်နိုင်ပါသည်။
Securities Trading Account ကို မည့်သည့်နေရာများတွင် ဖွင့်နိုင်ပါသနည်း။
uab securities limitedရုံးချုပ်တွင်ဖြစ်စေ၊ uab ဘဏ်ခွဲများတွင်ဖြစ်စေရုံးချိန်အတွင်းဆက်သွယ်မေးမြန်း၍ဖွင့်နိုင်ပါသည်။
Securities Trading Account ဖွင့်ရန်အတွက် မည်သည့်အချက်အလက်များ လိုအပ်ပါသနည်း။
တစ်ဦးချင်းစာရင်းဖွင့်ရန်အတွက်မှတ်ပုံတင်၊ Email Account နှင့်UAB ဘဏ်စာရင်းစာအုပ်လိုအပ်ပါသည်။ဘဏ်စာရင်းမရှိပါကSecurities Trading Account ဖွင့်စဉ်တွင်တစ်ပါတည်းဖွင့်နိုင်ပါသည်။အရောင်းအဝယ်နှင့်သက်ဆိုင်ရာသတင်းအချက်အလက်များပေးပို့ရာတွင်အလွယ်တကူဆက်သွယ်နိုင်ရန်အတွက် Email Account တစ်ခုရှိရန်လိုအပ်ပါသည်။Client Guideတွင်အသေးစိတ်ဖော်ပြထားပါသည်။
အခြားဘဏ်များမှ ငွေစာရင်းများကို လက်ခံပါသလား။
uab Bank Account များကိုသာ လက်ခံပါသည်။
Securities Trading Account ဖွင့်လှစ်ပြီးပါက မည့်သည့်အချက်အလက်များ လက်ခံရရှိမည်နည်း။
Securities Trading Account ဖွင့်လှစ်ပြီးပါက ဂဏန်း (၉) လုံးပါရှိသော ကိုယ်ပိုင်စာရင်းအမှတ် (Client ID)၊ Email Address၊ ဖုန်းနံပါတ်နှင့် ဘဏ်စာရင်းအမှတ် (၂) ခု ပါဝင်သော Welcome Letter နှင့် Online Trading အသုံးပြုရန်အတွက် လိုအပ်သော Password နှင့် အခြားအချက်အလက်များပါဝင်သော Email (၂) စောင်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ ဘဏ်စာရင်း တစ်ခုမှာ Personal Account အဖြစ်အသုံးပြုမည့် ငွေစုစာရင်း (သို့မဟုတ်) စာရင်းရှင်စာရင်း နှင့် Trading Account အဖြစ် အသုံးပြုမည့်စာရင်းတို့ဖြစ်ပါသည်။
Trading Bank Account နှင့် Personal Bank Account မည်သို့ကွာခြားပါသနည်း။
Trading Bank Account ကို Securities Trading Account ဖွင့်လှစ်သည့်အချိန်တွင် တစ်ပါတည်းဖွင့်ပေးခြင်းဖြစ်ပါသည်။ Trading Bank Account အတွက် အတိုးနှုန်း (၄) ရာခိုင်နှုန်း ရရှိမည်ဖြစ်ပါသည်။ ရှယ်ယာဝယ်ယူရန်အတွက် လိုအပ်သောငွေပမာဏကို Trading Bank Account ထဲသို့ ထည့်ပေးရမည်ဖြစ်ပါသည်။
ရှယ်ယာရောင်း၍ ရလာသည့် ငွေပမာဏကိုဖြစ်စေ၊ ရှယ်ယာဝယ်ပြီး ပိုသည့် ငွေပမာဏကို ဖြစ်စေ ပြန်လည်ထုတ်ယူလိုပါက Account ဖွင့်စဉ်ကဖော်ပြထားသည့် Personal Bank Account (Savings or Current Account) သို့သာ ပြန်လည်လွဲှပေးမည်ဖြစ်ပါသည်။ မည်သည့် uab Bank Account ကိုမဆို (Joint Account, Saving plan နှင့် Teenager Account များမှအပ) အသုံးပြုနိုင်ပါသည်။
Account ဖွင့်ရန်အတွက် အချိန်မည်မျှလိုအပ်ပါသနည်း။
Application Form တွင်ဖြည့်စွက်ပြီးနောက် Business day (၂) ရက် သို့မဟုတ် (၄၈) နာရီအတွင်းတွင် Account အား Register ပြုလုပ်ပေးမည်ဖြစ်ပါသည်။ Welcome Letter Email ရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ Dealer မှလည်း ဖုန်းဆက်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ ထို့နောက်တွင် ရှယ်ယာအရောင်းအဝယ် စတင်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။